DVB Logo
Home
နိုင်ငံရေး
ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ
DVB
·
February 17, 2014
ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ
Donate to DVB

လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်းဆောင်ရွက်သူ ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ ၂ ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းကနေပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

[caption id="attachment_51816" align="alignright" width="300"]ဦးနေမျိုးဝေဇင်နှင့် ဦးဝင်းချို ဦးနေမျိုးဇင်နှင့် ဦးဝင်းချို[/caption]

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံမှာ လယ်သမားအရေးအတွက် ဆန္ဒပြခဲ့လို့ အခုလို တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရန်ကုန်နောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်တရားစွဲတယ်လို့ ဦးနေမျိုးဇင်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနေ့က ဆန္ဒမပြခင် ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းခဲ့ပေမယ့် ကျောက်တံတားမြို့နယ်မှာ လယ်သမားမရှိဘူးလို့ အကြောင်းပြပြီး ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ လယ်သမားအရေးအတွက် ခွင့်ပြုချက်မရဘဲ ဆက်ပြီး ဆန္ဒပြခဲ့ကြတာလို့ ပြောပါတယ်။

သူတို့ကို မတ်လ ၄ ရက်နေ့မှာ ရုံးပြန်ချိန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013