ကံပေါက်စျေး ရေမြောင်းက အမှိုက်တွေ အမြန်ဆုံး ဖယ်ရှားရှင်းလင်းပေးပါ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်စျေးထဲက ရေမြောင်းတွေဟာမိုးရွာရင်အမှိုက်တွေနဲ့ပိတ်ပီး အနံ့ဆိုးတွေ အမြဲထွက်နေပါတယ်။ အဲဒီမြောင်းနဲ့ ကပ်လျက်ရှိနေတဲ့ စျေးသည်တွေက  ပိတ်နေတဲ့ အမှိုက်တွေကို ရှင်းပေးကြဖို့ တာဝန်ရှိသူတွေကို ပြောကြတော့ စည်ပင်လူကြီးတွေကလည်းအဲ ဒါတွေဟာ သူတို့နဲ့မဆိုင်ဘူး၊ စျေးခေါင်းကို ပြောပါလို့ဆိုပါတယ်။ စျေးခေါင်းကိုပြောတော့လည်း ဒါသူနဲ့မဆိုင်ဘူးတဲ့ စည်ပင်ကိုပြောပါလို့ ဆိုပြီး နှစ်ဖက်စလုံးက ခေါင်းရှောင်နေကြပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်မနက်ကဆို မိုးရွာတာနဲ့ ရေမြောင်းတွေ ပိတ်ပြီး ရေလျှံတာတွေဖြစ်တယ်။ ရေလျှံလာရင် ဈေးဆိုင်တွေထဲအထိ ရေတွေဝင်ရောက်လာပြီး အရမ်းကိုအခြေအနေဆိုးနေပါတယ်။ သူတို့လာမလုပ်ပေးတော့ စျေးသည်တွေ စုပေါင်းပြီး ပိတ်နေတဲ့ ရေမြောင်းတွေကို ကိုယ်တိုင်ဝါးလုံးနဲ့ ထိုးကြရပါတယ်။ စျေးသည်တွေအတွက် အတော်လေးကို အခြေအနေ  ဆိုးရွားနေပြီး ကျန်းမာရေးအရ အနံ့ဆိုးတွေကိုပဲ ရှူနေရပါတယ်။ ပြီးတော့ စျေးအနောက်ဘက် အမှိုက်ပုံကလည်း လမ်းသွားလို့တောင် အဆင်မပြေတော့ပါဘူး။ 

ကံပေါက်စျေးအတွင်းရှိ အမှိုက်တွေပိတ်နေတဲ့ ရေမြောင်းနဲ့ လမ်းမှာ ပိတ်နေတဲ့ အမှိုက်တွေကို တာဝန်ရှိပုဂ္ဂိုလ်တွေ အမြန်ဆုံးတာဝန်ယူဖယ်ရှားရှင်းလင်းပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

ကံပေါက်ဈေးသည်တဦး

//
More News
Up