
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၉ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
[caption id="attachment_51810" align="alignleft" width="300"]
ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)[/caption]
ဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဥာဏ်ဝင်း၊ ဦးဟန်သာမြင့်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ တို့တက်ရောက်ပါတယ်။ ၈၈ ဘက်က မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ မနီလာသိန်း တို့ အပါအဝင် ခေါင်းဆောင်တွေ တက်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှ ရလဒ်အဖြစ် "စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရာ၌ ခက်ခဲတင်းကျပ်နေတဲ့ အခန်း ၁၂ ပါ ပုဒ်မ (၄၃၆)ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ပူးတွဲ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ရဲ့ ပူးတွဲကြေညာချက်ကိုလည်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာ ခဲ့ကြပါတယ်။











