
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းတွေ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီ နောက်ဆုံးထား နုတ်ထွက်ပြီး CDM ပြုလုပ်ကာ ချိတ်ဆက်စာရင်းပေးသွင်းဖို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ထုတ်ပြန်ပါတယ်။
CDM မပြုလုပ်နိုင်တဲ့ ဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစပြီး ကနီမြို့နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာကြဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီထောက်တိုင်တွေဖြ်စတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်မှူးအားလုံးလည်း ထမ်းဆောင်ဆဲ တာဝန်တွေကနေ နုတ်ထွက်ကြဖို့နဲ့ အခြားဒေသတွေက Non CDM ဝန်ထမ်းတွေလည်း ကနီမြို့နယ်အတွင်း လာရောက်ခိုလှုံတာ မပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ အသိပေးချက်ထုတ်ပြန်ပေမဲ့ Non CDM ဝန်ထမ်းတွေ သတ်မှတ်ရက်အတွင်း CDM ပြုလုပ်ဖို့ ပျက်ကွက်ခဲ့ပါက လူထုတော်လှန်ရေးရဲ့ ဆူးညှောင့်ခလုတ်များအဖြစ် သတ်မှတ်ပြီး အမြစ်ပြတ်ရှင်းလင်းသွားမယ်လို့ သတိပေးထားပါတယ်။