ဒုချီးရားတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်
DVB
·
February 15, 2014
ဘင်္ဂါလီ ၈ ဦး အပါအ၀င် လူ ၄၀ အသတ်ခံရတယ် ဆိုတဲ့သတင်းဟာ ခိုင်မာတဲ့ မြေပြင်သတင်း မရတဲ့ အတွက် အတည်ပြုမရတဲ့ သတင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လူ့အခွင့်အရေး ကော်မရှင်အတွင်းရေးမှူးနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဒူချီ ရာတန်းကျေးရွာကို သွားရောက်ပြီး ဇန်န၀ါရီ ၃၀ ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒုချီးရားတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရ သတင်းထုတ်ပြန်ချက် နောက်ကျတယ်လို့လည်း ကော်မရှင်က သုံးသပ်ဖော်ပြထားပါတယ်။