ရုရှားသမ္မတ အမေရိကန် အားကစားသမားတွေဆီ လည်ပတ်

797
ရုရှားသမ္မတပူတင်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို မြှင့်တင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က အမေရိကန်အားကစားသမားတွေ တည်းခိုတဲ့ဆီ ၀င်ရောက်ပြီး အမေရိကန် ကစားသမားတွေနဲ့ စကားစမြည်းပြော ၀ိုင်အတူသောက်ခဲ့ပါတယ်။
အမေရိကန်သမ္မတ အိုဘာမားဟာ ဆော့ချီအိုလံပစ်ပွဲမစခင်က သမ္မတပူတင်ရဲ့ လိင်တူချစ်တူတွေအပေါ် ရပ်တည်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဆောင်းရာသီအိုလံပစ်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိတဲ့ သမ္မတအိုဘာမားဟာ အမေရိကန်ကိုယ်စားပြု အသင်းမှာ လိင်တူချစ်တူအသင်း ခေါင်းဆောင်တွေ တည့်ပေးလိုက်ပါတယ်။
လူအခွင့်အရေးတွေကစလို့ ဆီးရီးယားပြည်တွင်းစစ်မှာ ရပ်တည်တာတွေကအဆုံး တခြားစီဖြစ်နေခဲ့လို့ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ ချော့မွေ့နေတာတော့ မဟုတ်ပါဘူး။
သမ္မတပူတင်က ဂုဏ်ယူနေတဲ့ ရုရှားဆောင်းရာသီ အိုလံပစ်ပွဲကို အနောက်နိုင်ငံတွေက ဝေဖန်တာကို စစ်အေးခေတ်တုံးက ဆိုဗီယက်ကို ၀ိုင်းထိန်းချုပ်ခဲ့တဲ့ပုံစံနဲ့ တူနေတယ်လို့ သမ္မတပူတင်က တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။
သမ္မတပူတင်ဟာ ကနေဒါအားကစားသမားတွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ အမေရိကန်၊ ကနေဒါနဲ့ ရုရှားတို့ဟာ အမျိုးသားရေခဲပြင်ဟော့ကီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေပဲဖြစ်ပါတယ်။
