ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်သူဦးရေ များလာတယ်လို့ Covid-19 operation team lashio ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက မြို့တွင်းရပ်ကွက်တစ်ချို့ နေထိုင်သူတွေနဲ့ မြို့မဈေးထဲကလူ အယောက် ၇၀၀ ကျော်ကို RDT Test Kit နဲ့ စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ၃၃ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်ကူးစက်ရောဂါကြောင့် လတ်တလောမှာတော့ လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေသူ ၆၃ ဦးရှိနေပြီး နေအိမ်ကွာရန်တင်း ပြုလုပ်နေသူက ၂၄ ဦး ရှိနေတယ်လို့လည်း ဆိုပါတယ်။
လားရှိုးမြို့မှာ ဖေဖော်ဝါရီလ၊ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကိုဗစ်ပိုးတွေလူနာ အယောက် ၆၀ ရှိပြီး နိုင်ငံတဝန်းမှာတော့ ကူးစက်ခံရသူပေါင်း ၅၅၃,၅၆၄ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်အတွင်း ဟိုပုံးမြို့နဲ့ တောင်ကြီးမြို့တို့ဟာ ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေ အများဆုံးဖြစ်ပြီး လားရှိုးမြို့က တတိယနေရာမှာရှိနေပါတယ်။