DVB Logo
Home
မြန်မာသတင်း
ပျော်ဘွယ်တွင် စာရေးဆရာ ၃ ဦးကို စာပေဟောပြောခွင့်ပိတ်
DVB
·
February 14, 2014
ပျော်ဘွယ်တွင် စာရေးဆရာ ၃ ဦးကို စာပေဟောပြောခွင့်ပိတ်
Donate to DVB

မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူးက နာမည်ကြီး စာရေးဆရာ ၃ ဦးကို ပျော်ဘွယ်မှာ စာပေဟောပြောခွင့် ပိတ်ပင်တားမြစ်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ပျော်ဘွယ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဦးဘုန်း (ဓာတု)နဲ့ ညီပုလေးတို့ ဟောပြောပါတယ်။

[caption id="attachment_51737" align="alignright" width="300"]မောင်စိန်ဝင်း(ပုတီးကုန်း)၊ ညီပုလေး၊ ဦးဘုန်း(ဓာတု) မောင်စိန်ဝင်း(ပုတီးကုန်း)၊ ညီပုလေး၊ ဦးဘုန်း(ဓာတု)[/caption]၆ ရက်နေ့မှာတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပျော်ဘွယ်မြို့နယ် စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတွေကို ခေါ်ယူပြီး စာရေးဆရာတွေရဲ့ ဟောပြောချက်ဟာ ဗဟုသုတမပါသလို နိုင်ငံရေး ပါတီတွေအတွက် မဲဆွယ်ပေးတာ ဖြစ်တဲ့အတွက် ခွေထုတ်ခွင့်မပြုသလို နောက်နောင် ဒီစာရေး ဆရာ ၃ ဦးပါရင် စာပေဟောပြောပွဲ လုပ်ခွင့်ပေးတော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရဲ့ သတိပေးချက်ကို စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုအောင်လှမျိုးက အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ၄ ရက်နေ့ လုပ်တယ်ဗျ။ ၆ ရက်နေ့ကျတော့ ကျနော်ရယ် ကော်မတီက တယောက်ရယ်၊ နာယက ထဲက ၂ ယောက်ရယ်၊ ကျနော့်ဆရာ တယောက်ရယ်၊ ကျနော့်အဖေကို ခေါ်ပြီးတော့ ဒီပွဲက အသိပညာ ဗဟုသုတလည်း မပါဘူးပေါ့။ နိုင်ငံရေးပါတီ မဲဆွယ်ပွဲကြီးပေါ့ အဲဒါကြောင့် ခွေကို ထုတ်ခွင့်မပေးနိုင်ဘူး။ နောက် ဒီစာရေးဆရာ ၃ ယောက်ပါရင် နောက်နှစ်တွေမှာ ခွင့်ပြုခွင့်မပေးဘူးပေါ့။”

ဒီလို ပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး စာရေးဆရာ ညီပုလေးကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတခု ဖြစ်သလို နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“ဒီလို အတွေးအခေါ်တွေနဲ့ ကျနော်တို့ ရှေ့ဆက် ဘယ်လိုသွားကြမလဲ။ ရှက်စရာကောင်းပါတယ်၊ ဒီလိုလုပ်တယ်ဆိုတာ။ ကျနော့်တို့ အခွင့်အရေးပိတ်ပင်တာဗျ။ လူထုရဲ့ ခံစားချက်အခွင့်အရေးပိတ်ပင်တာ။ စကားလုံးအကြီးကြီးနဲ့ပြောရင် လူ့အခွင့်အရေး ချိုးဖောက်တာပေါ့။”

ဒီလို တားမြစ်ခံရတာနဲ့ ပတ်သက်ပြီး တစုံတရာ ကန့်ကွက်တိုင်ကြားဖို့ မရှိသလို ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကာ ဖိတ်ကြားထားတဲ့ နေရာတွေမှာတော့ ဟောပြောသွားမယ်လို့ ဆိုပါတယ်။

အရင်က စာပေဟောပြောပွဲတွေ လုပ်ဆောင်ရာမှာ မကွေးတိုင်းမှာတော့ တင်းကြပ်မှုတွေ ရှိခဲ့ဖူးတယ်လို့လည်း ဆရာ ညီပုလေးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013