DVB Logo
Home
Lead Story
စက်ရုံ ၁၈ ရုံ အချိန်ပို စည်းကမ်းချိုးဖောက်
DVB
·
February 14, 2014
စက်ရုံ ၁၈ ရုံ အချိန်ပို စည်းကမ်းချိုးဖောက်
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၃ အောက်တိုဘာကနေ ဒီဇင်ဘာအထိ ၃ လအတွင်း စက်ရုံ ၄၆ ရုံကို ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာမှာ စက်ရုံ ၁၈ ရုံဟာ အလုပ်သမားတွေကို ခွင့်ပြု အချိန်ပို ထက် ပိုခိုင်းနေတာကို တွေ့ရှိခဲ့ရတယ်လို့ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။

[caption id="attachment_32551" align="alignright" width="300"]လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)[/caption]ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက
ခုလို ပြောလိုက်တာ ဖြစ်ပြီး အဲဒီ စည်းကမ်းချိုးဖောက်တဲ့ စက်ရုံတွေကို ခံဝန်လက်မှတ် ရေးထိုး ခိုင်းထားတဲ့အကြောင်း၊ နောက်ထပ် ချိုးဖောက်တာတွေ့ရင် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သူက လွှတ်တော်ကို တင်ပြပါတယ်။

အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ ညှိနှိုင်းသဘောတူညီချက်တွေအရ သာမန်လုပ်ငန်းတွေ အတွက် ၁ ပတ် နာရီ ၂၀၊ အဆက်မပြတ် လုပ်ငန်းတွေအတွက် ၁ ပတ် ၁၆ နာရီ အချိန်ပို လုပ်ခွင့်ပြု ထားပေမယ့် အဲဒီစက်ရုံ ၁၈ ရုံကတော့ ဒီအထက် အများကြီး ပိုခိုင်းခဲ့တယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013