ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်လျှပ်စစ်ရုံးမှာ ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီကျော်က ဗုံး ၃ လုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မနေ့ကည ၉ နာရီကျော်လောက်ပဲ ပေါက်ကွဲသံအကျယ်ကြီး ကြားရတာ။ မနက်ကမှ EPC ရုံး ဗုံးခွဲခံရတာလို့ သိရတာ၊ ဗုံး ၃ လုံးကွဲတာ၊ ထိခိုက်မှုတော့ မသိဘူး”လို့ ပြောပါတယ်။
မြောက်ဥက္ကလာပ လျှပ်စစ်ရုံး ဗုံးခွဲမှုကို ဘယ်အဖွဲ့က ဆောင်ရွက်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မြောက်ဥက္ကလာပမှာ ဖေဖော်ဝါရီ ၁၄ ရက် ညကလည်း ကြံ့ခိုင်ရေးပါတီရုံးအနီး လုံခြုံရေးစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့က တက္ကစီကားတစ်စီးကို သတ်မှတ်နေရာကျော်မှ ရပ်တယ်ဆိုကာ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး တက္ကစီကားသမားနဲ့ ခရီးသည်ကို ဆဲဆို ကြိမ်းမောင်း ရိုက်နှက်ခဲ့ပါတယ်။