DVB Logo
Home
Lead Story
အထူးစီးပွားရေးဇုန်များအတွက် အကြံပေးကုမ္ပဏီ တင်ဒါ အရင်ခေါ်မည်
DVB
·
February 14, 2014
အထူးစီးပွားရေးဇုန်များအတွက် အကြံပေးကုမ္ပဏီ တင်ဒါ အရင်ခေါ်မည်
Donate to DVB

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ထားဝယ် အထူးစီးပွားရေးဇုန်တွေအတွက် ကနဦးအနေ နဲ့ နိုင်ငံတကာ အကြံပေးကုမ္ပဏီ ၁ ခုကို အရင် ရွေးချယ်ခေါ်ယူမှာ ဖြစ်ပြီး အဲဒီ ကုမ္ပဏီရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ၀င်ရောက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို တင်ဒါခေါ်ယူ အကောင်အထည်ဖော်သွားမယ်လို့ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောပါတယ်။

[caption id="attachment_25659" align="alignright" width="300"]ထားဝယ်ေရနက်ဆိပ်ကမ်း စီမံကိန်း တ​ေနရာ ထားဝယ်ေရနက်ဆိပ်ကမ်း စီမံကိန်း တနေရာ[/caption] ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အထူးဇုန် စီမံခန့်ခွဲရေး ညှိနှိုင်း အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီ အတွက် အဲဒီ စီးပွားရေးဇုန် ၂ ခုအတွက် အကြံပေးကုမ္ပဏီ ခန့်အပ်နိုင်ရေး အရင် တင်ဒါခေါ်မှာ ဖြစ်ပါတယ်။

အဲဒီ တင်ဒါအောင်ကုမ္ပဏီကနေ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့ အညီ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို တင်ဒါ ထပ်ခေါ်မှာ ဖြစ်ပါတယ်။

လောလောဆယ် မြန်မာအစိုးရအနေနဲ့ ဆက်သွယ်ရေးလုပ်ငန်း အော်ပရေတာ ခေါ်ယူရာမှာ အဲဒီ လုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော်ခဲ့လို့ ပွင့်လင်းမြင်သာ မျှတမှု ရှိတယ်ဆိုပြီး နိုင်ငံတကာရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013