ယူကရိန်းပြဿနာကြောင့် ဥရောပကျောက်မီးသွေးဝယ်ယူမှု မြင့်တက်

ယူကရိန်းအရေးကြောင့် ရုရှားက ဥရောပကို သဘာဝဓာတ်ငွေ့ ရောင်းချမှု ရပ်ဆိုင်းပြီး တရုတ်ကို ရောင်းဖို့ စီစဉ်နေတာကြောင့် ဥရောပနိုင်ငံတွေအနေနဲ့ ကျောက်မီးသွေးကို မဖြစ်မနေ ပိုမိုဝယ်ယူရဖို့ ရှိနေတာကြောင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ စိုးရိမ်ပူပန်နေပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲပြဿနာကို ကူညီဖို့ ၂၀၅၀ မှာ ကာဗွန်-ဇီးရိုး အထိ လျှော့ချမယ့် စီမံကိန်းလည်း ရှိနေတာပါ။ အခု မမျှော်လင့်ဘဲ ကျောက်မီးသွေး ပိုမိုတင်သွင်းရတော့မှာမို့ ကာဗွန်‌လျှော့ချရေးအိပ်မက် ရေစုန်မျောတော့မယ့် အခြေအနေ ဖြစ်နေတာပါ။

ဒီနှစ် ဇန်နဝါရီလမှာပဲ ဥရောပရဲ့ ကျောက်မီးသွေးဝယ်ယူမှုက ၅၆ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၀ ဒသမ ၈ သန်း ရှိနေတာပါ။ အဲဒီထဲ တဝက်က ရုရှားကဖြစ်ပြီး ၅ ပုံ ၁ ပုံက ဩစတြေးလျကပါ။

ယူကရိန်းပြဿနာအတွက် ရုရှားက ဥရောပကို ဓာတ်ငွေ့ပိုက်လိုင်းဖြတ်ပြီး လက်စားချေမှာမို့ စွမ်းအင်ဈေးနှုန်းတက်မှာဖြစ်ပြီး ဓာတ်ငွေ့ဈေးနှုန်းတက်လာတာနဲ့အမျှ ကျောက်မီးသွေးဝယ်လိုအားလည်း မြင့်မားလာမှာပါ။

နိုင်ငံရေးပြဿနာကနေ ကာဗွန်မြင့်တက်မှုဖြစ်လာတော့မှာမို့ ကမ္ဘာကြီးစိမ်းလန်းရေး အိပ်မက်တွေ ပျက်သွားမှာကို သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေ စိုးရိမ်နေပါတယ်။

//
More News
Up