ဆက်သွယ်ရေးကဏ္ဍ ကမ္ဘာ့ဘဏ်အုပ်စုက ဒေါ်လာ သန်း ၃၀ ကျော် ကူညီမည်

2K
မြန်မာနိုင်ငံရဲ့ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (အိုင်ဒီအေ) က အမေရိကန်ဒေါ်လာ ၃၁ သန်းခွဲ အသုံးပြုပြီး အကူအညီပေးသွားမယ်လို့ ကမ္ဘာ့ဘဏ်အုပ်စု ဒါရိုက်တာဘုတ်အဖွဲ့က ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
ကြေညာချက်ထဲမှာ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်းနဲ့ အင်တာနက် အသုံးပြုနိုင်မှုဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အနိမ့်ဆုံးအဆင့်မှာပဲ ရှိနေသေးတယ်။
ဈေးနှုန်းကြီးမြင့်တာနဲ့ ၀န်ဆောင်မှု မကောင်းတာစတဲ့ အားနည်းချက်တွအပြင် အချို့ ဒေသတွေမှာ ဒီ ၀န်ဆောင်မှု လုံးဝမရဘူး၊ အခြေခံ ပြည်သူ့တွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသက ပြည်သူတွေ ဒီအခက်အခဲကို အဓိက ခံစားနေရတယ်။
ဒါကြောင့် သန်းပေါင်းများစွာရှိတဲ့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲတွင်းထဲက လွတ်မြောက် အောင် ဆက်သွယ်ရေးကဏ္ဍက လုပ်ပေးနိုင်တဲ့အတွက် ဒီကိစ္စ ကူညီရမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ ညွှန်ကြားရေးမှူး အူးလ်ရိုက် ဇာချူး (Ulrich Zachau) က ပြောတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။