ဆော်ဒီအာရေဗျနိုင်ငံ ဟော်တယ်တလုံး မီးလောင်မှုကြောင့် လူ ၁၅ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
1.1K
ဆော်ဒီအာရေဗျနိုင်ငံက မေဒီနာမြို့မှာ မွတ်စလင် ဘုရားဖူးတွေ ပြည့်နေတဲ့ဟိုတယ်တလုံး ဖေဖော်ဝါရီ ၈ ရက်နေ့က မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး အယောက် ၁၃၀ လောက် ဒဏ်ရာရတယ်လို့ ဆော်ဒီအာရေဗျ အစိုးရ သတင်းဌာနက ဆိုပါတယ်။
[caption id="attachment_51464" align="alignright" width="500"]
ဓာတ်ပုံ - ရိုက်တာ[/caption]သေဆုံးသူ ၁၅ ယောက်လုံးက အီဂျစ်နိုင်ငံသားတွေ ဖြစ်ပြီး မီးက လျှပ်စစ် ရှော့ခ်ဖြစ်ရာက စတင် လောင်ကျွမ်းတာလို့ အီဂျစ်အစိုးရ ရုပ်သံက သီးခြား အစီရင်ခံပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက ၂ နာရီကြာအောင် မီးငြှိမ်းသတ်ခဲ့ရပြီး ကြိုတင် ကာကွယ်ရေးအနေနဲ့ အနားက ဟိုတယ်တလုံးက လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတယ်လို့ ဆော်ဒီ အာရေဗျ အစိုးရ သတင်းဌာနက အစီရင်ခံပါတယ်။
မီးလောင်မှုဖြစ်ပွားစဉ်က ဟိုတယ်မှာ မွတ်စလင် ဘုရားဖူး အယောက် ၇၀၀ လောက် နေထိုင်တယ်လို့ ဆိုပါတယ်။
