အန်အယ်ဒီ ကျန်းမာရေးကွန်ရက် နှစ်ပတ်လည် ဂီတဖျော်ဖြေပွဲ ပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသား ကျန်းမာရေးကွန်ရက် နှစ်ပတ်လည် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ ညက ရန်ကုန်မြို့တာမွေမြို့နယ် ရွှေထွဋ်တင်ဝန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အန်အယ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ပြည်သူတွေကို ကူညီပံ့ပိုးဖို့ဆိုရင် ကျန်းမာရေး ကောင်းမှရမှာဖြစ်ကြောင်း ပြောကြားပြီး အလှူရှင်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသား ကျန်းမာရေးကွန်ရက်ရဲ့ ထုတ်ပြန်ချက်အရ ည ၁၀ နာရီခွဲအထိ လှူဒါန်းငွေစုစုပေါင်း ၈၀၇သိန်း ၄သောင်း ရရှိကြောင်း သိရှိရပါတယ်။ [gallery ids="51426,51427,51428,51429,51430,51431,51432,51433,51434,51435,51436,51437"]

//
More News
Up