Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ
DVB
·
January 28, 2022
272120013_2851714091715922_8681268223347324276_n

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဇန်နဝါရီ ၂၇ ရက်က  စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က နေရာ ၃ နေရာခွဲပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးရှိခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်နေ သိရပါတယ်။

စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးအရေအတွက် အတိအကျမသိရပေမဲ့  သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေကို ကားပေါ်တင်သွားတာမြင်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သပိတ်ကျင်း၊တွင်းငယ်ဘက်ကနေ မိုးညှင်းဘက်ကို တက်လာတဲ့စစ်ကောင်စီ ထောက်ပို့ယာဉ်တန်း အစီး ၃၀ ကို  ကေအိုင်အေနဲ့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အင်းတော်-မဲဇာကြား တနေရာနဲ့  အင်းတော်-မော်လူးကြား နှစ်နေရာကို RPG ၊ လက်နက်ကြီး  လက်နက်ငယ်တွေသုံး တိုက်ခိုက်ခဲ့သလို  မိုင်း ၅ လုံး ဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်မှာတော့ စစ်ကောင်စီတပ်အင်အား ၈၀ လောက်ဟာ နားခါရွာထဲကို ဝင်ရောက်နေသလို နတ်မဟုတ်ကြီး ရွာနဲ့ကမ်းနီရွာဘက်မှာလည်း စစ်ကောင်စီတပ်သားတွေ ရောက်ရှိနေတယ်လို့ သိရပါတယ်။

“နတ်မဟုတ်ကြီးစာသင်ကျောင်းအတွင်း စစ်ကောင်စီတပ်တွေရောက်နေတယ်ကြားတယ်။ ဒဏ်ရာ ရတဲ့ သူတွေလည်းပါတယ်လို့ ကြားတယ်”လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

အင်းတော်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားရာမှာလည်း  စစ်ကောင်စီတပ်သား ၃ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။

အဆိုပါည ၆ နာရီခွဲမှာလည်း အင်းတော်မြို့နယ် နန့်စီးအောင်ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ကားကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၁ ယောက်သေဆုံးပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ကနေသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024