Home
မြန်မာသတင်း
မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပြစ်မရှိကြောင်း ပြန်လည်ခုခံချေပ
DVB
·
January 28, 2022
272762105_1799184753745785_5898230168853158797_n

ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေအတွက် ဇန်နဝါရီ ၂၈ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။

အခုရုံးချိန်းမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက အပြစ်မရှိကြောင်း  ပြန်လည် ခုခံချေပခဲ့ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီကတော့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံဟာ တာဝန်ယူစဉ် ကာလအတွင်း စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု အမှု ၃ မှု၊ အဂတိအမှု ၉ မှု ၊ စုစုပေါင်း အမှုပေါင်း ၁၂ မှုအတွက် တရားရင်ဆိုင်နေရတာပါ။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ နိုင်ငံ့ဝန်းထမ်းတွေ CDM မှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024