မံစီမြို့နယ်၌ ကေအိုင်အေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲမှာ  ဇန်နဝါရီ ၂၅ ရက်က  လမ်းတူးဖော်ပြီး ဝင်လာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ကချင်လွတ်‌မြောက်ရေးတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း(၂၇) ထိန်းချုပ်‌‌ဒေသ၊ ကထန်ကောင်းရွာနဲ့ ကိုင်ထိတ်ရွာအကြားက ဇော်ဘွန်အူရားဘွမ်ရွာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

ဘလောင်ဒိန်ဆာမှာ ရောက်နေတဲ့ ခလရ(၂၂၃)က အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ကထန်ကောင်ကနေ ကိုင်ထိတ်ကိုသွားဖို့  ဇောင်ဘုန်အူရားရွာကနေ မြေတူးကားတွေနဲ့ လမ်းဖောက်လုပ်ပြီး စစ်ကြောင်းတက်လာတာကို ကေအိုင်အေတပ်သားတွေက ဟန့်တားတိုက်ခိုက်ခဲ့ရာက နေ့လယ် ၂ နာရီလောက်ကနေ  ညနေ ၅  နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားခဲ့ကာ ကထန်‌ကောင်နဲ့ ဇောင်ဘုန်ရွာကြား နေရာယူထားခဲ့ခဲ့ပါတယ်။  ဇန်နဝါရီ ၂၆ ရက်  ၁၀ နာရီနောက်ပိုင်းမှာတော့ ဘေးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ ပစ်ခတ်လို့ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခလရ(၂၂၃) တပ်တွေဟာ ‌‌‌ဂေါက်ငူယန်ရွာနဲ့ ဘန်ဂေါ်ရွာပတ်ဝန်းကျင်တွေမှာ လှုပ်ရှားနေတဲ့ တပ်ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်ကလည်း  မုန်နမ်မဇွပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

//
More News
Up