Home
မြန်မာသတင်း
မန္တလေးတွင် ဈေးဆိုင်များပိတ်ပါက ဥပဒေအရ အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
January 27, 2022
272667459_1629872047377552_1020188984708826773_n

မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရောင်းချနေတဲ့ ဈေးဆိုင်တွေကို ပိတ်တာ၊စစ်ကောင်စီကို ဆန့်ကျင်တဲ့ အခြားလုပ်ဆောင်ချက်တွေ လုပ်ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူမယ်လို့ မန္တလေးတိုင်း၊ စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အမိန့်နဲ့ မန္တလေးစည်ပင်က ဇန်နဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့ ဖွင့်လှစ်ရောင်းချခွင့်ပြုထားတဲ့ ဈေးတွေ၊ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်တွေအနေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကို ထောက်ခံတဲ့အနေနဲ့ ဈေးဆိုင်တွေ ပိတ်ပါက အရေးယူမယ်လို့ စည်ပင်ဥပဒေ ပုဒ်မ ၅၂၊ပုဒ်မခွဲ(ဟ)နှင့် ပုဒ်မ ၅၆၊ပုဒ်မခွဲ (ဍ)အရ ထုတ်ပြန်ထားပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မှာ အာဏာသိမ်းမှုကို လက်မခံကြောင်းပြတဲ့အနေနဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်နဲ့ လက်ခုပ်တီးသပိတ်တို့ကို လုပ်ဆောင်ကြဖို့ ပြည်သူ့ဘက်တော်သားတွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Silent Strike ပြုလုပ်ခဲ့ကြပြီး မြို့ကြီးတွေရော ကျေးလက်ဒေသတွေပါ မကျန် အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။

အဲ့ဒီအတွက် လာမယ့် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်နေ့ ပြုလုပ်မယ့် Silent Strike မှာ ပြည်သူတွေ ပူးပေါင်းပါဝင်မှု မရှိစေဖို့ အာဏာသိမ်းစစ်ကောင်စီဘက်က အတင်းအကျပ်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ မန္တလေးမြို့တော်စည်ပင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024