ဗြိတိန်ဝန်ကြီးချုပ်နေအိမ်အတွင်း ပါတီပွဲကျင်းပခဲ့မှု လန်ဒန်ရဲတပ်ဖွဲ့ စတင်စစ်ဆေး

ဗြိတိန်မှာ ကိုဗစ်-၁၉ လော့ခ်ဒေါင်းချထားချိန်အတွင်း ဝန်ကြီးချုပ်ရဲ့ နေအိမ်ဝင်းအတွင်း ပါတီပွဲ ကျင်းပခဲ့မှုကို စတင်စစ်ဆေးနေပြီလို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲ ‘မစ္စခရက်စီဒါဒစ်ခ်’ က ပြောပါတယ်။  

ဝန်ကြီးချုပ် နေအိမ်အတွင်း ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှုကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ ပါလီမန်နဲ့ အစိုးရက ကော်မရှင်တခု ဖွဲ့စည်းပေးခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က အသေးစိတ် ဝင်‌ရောက်စစ်ဆေးတာလို့ ခရက်စီဒါက ပြောပါတယ်။

ဘောရစ်ဂျွန်ဆင်ဟာ ၂၀၁၉ ခုနှစ်မှာ ကွန်ဆာဗေးတစ်ပါတီရဲ့ ထောက်ခံမှုကို အများဆုံးရရှိပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပေမဲ့ အခု သူ့ပါတီအမတ်တွေကိုယ်တိုင်က ဖိအားပေး ရာထူးက နုတ်ထွက်ခိုင်းနေတာပါ။

ဒါပေမဲ့ ဂျွန်ဆင်က ဒေါင်းနင်းလမ်း ပါတီပွဲကိစ္စ အများပြည်သူတွေကြား ရှင်းရှင်းလင်းလင်း ဖြစ်ဖို့အတွက် မြို့တော်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ကြိုဆိုကြောင်း ပြောခဲ့ပါတယ်။ 

//
More News
Up