DVB Logo
Home
မြန်မာသတင်း
၃ လနှင့်အထက် မီတာခမပေးပါက မီတာဖြုတ်သိမ်း အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
January 24, 2022
၃ လနှင့်အထက် မီတာခမပေးပါက မီတာဖြုတ်သိမ်း အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
1 / 3
Donate to DVB

ရန်ကုန်မြို့က ပြည်သူတွေအနေနဲ့ ၃ လနဲ့အထက် မီတာခမပေးဘူးဆိုရင်  မီတာကိုပါဖြုတ်သိမ်းခံရမယ့်အပြင်  အရေးယူခံရဦးမယ်လို့ ရန်ကုန်လျှပ်စစ်ရုံးတချို့က ကြေညာပါတယ်။

အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့  ပြည်သူတွေက မီတာခမပေးဆောင်ဘဲနေကြတာကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီက လျှပ်စစ်မီးတွေဖြတ်နေချိန်မှာ အခုလို ထပ်ပြီး ခြိမ်းခြောက်လိုက်တာပါ။

၃ လနဲ့အထက် ဓာတ်အားခမပေးဘူးဆိုရင် ဓာတ်အားဖြတ်တောက်တာခံရမယ့်အပြင် လုပ်ထုံးလုပ်နည်းနဲ့အညီ တပ်ဆင်မီတာကို ဖြုတ်သိမ်းခံရမယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နဲ့ တာမွေမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတို့က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေကနေ ကြေညာထားတာပါ။

သူတို့ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ မြို့နယ်နာမည်ကို ကွက်လပ်ထဲ ဖြည့်ရတာဖြစ်လို့ ရန်ကုန်တတိုင်းလုံးမှာ အခုလို ကြေညာဖို့ စီစဉ်ထားတာလည်းဖြစ်နိုင်ပါတယ်။

မီတာခတွေကို အွန်လိုင်းကနေ ပေးဆောင်ကြပေမဲ့ ကြွေးကျန်စာရင်း ပေါ်နေတယ်လို့ မီးသုံးစွဲသူတချို့က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ တနိုင်ငံလုံးကို နေ့စဉ်ရက်ဆက် မီးဖြတ်နေပြီး တချို့ မြို့နယ်ဒေသတွေမှာတော့ တရက်ကို ၂ ကြိမ်၊ ၆ နာရီဝန်းကျင်လောက် မီးဖြတ်ခံနေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013