ဘယ်လ်ဂျီယံတွင် ကိုဗစ်စည်းကမ်းကန့်သတ်မှု ဆန့်ကျင်ဆန္ဒပြသူများကို ရဲက အင်အားသုံးလူစုခွဲ

ဘယ်လ်ဂျီယံအစိုးရရဲ့  ကိုဗစ်-၁၉  ရောဂါ ကန့်သတ်မှုအစီအစဉ်တွေကို ကန့်ကွက်တဲ့အနေနဲ့ ဘရပ်ဆဲလ်မြို့မှာ ဇန်နဝါရီ ၂၃ ရက်က လူတွေ ရာနဲ့ချီ ဆန္ဒပြခဲ့ရာမှာ ရဲတွေက လူအုပ်ကို ရေပိုက်တွေနဲ့ ဖြိုခွဲခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပုံမှန်မြင့်တက်နေပြီး စနေနေ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၆၀,၀၀၀ ကျော် ရှိနေတာပါ။ 

ဥရောပတိုင်းပြည်တွေအနက် အိုမီခရွန်ကူးစက်မှု အများဆုံးတိုင်းပြည်ဖြစ်ပြီး မကြာခင်မှာ တရက် ကူးစက်မှု ၁၂၅,၀၀၀ ရှိလာမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ပါတယ်။

အစိုးရရဲ့ကိုင်တွယ်မှုတွေကို ပေါက်ကွဲနေတဲ့ လူအုပ်က ဘရပ်ဆဲလ်မြို့ ဥပရောပသမဂ္ဂ အဆောက်အအုံရဲ့ ပြတင်းမှန်တွေကိုပါ ခဲနဲ့ပစ်ပေါက် ဖျက်ဆီးခဲ့တာကြောင့် ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

//
More News
Up