ထိုင်းနိုင်ငံတွင် အရက်မူးပြီး ဂီတာတီးနေသည့် ဗြိတိန် ၂ ဦး တံစဉ်ဖြင့် ခုတ်ခံရ

ထိုင်းနိုင်ငံအနောက်ဘက် ကန်ချနဘူရီခရိုင်မှာ အသက် ၄၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတယောက် ဓားဒဏ်ရာတွေနဲ့ သေဆုံးနေပြီးနောက် အသက် ၅၅ နှစ်အရွယ် နောက်ထပ် ဗြိတိန်နိုင်ငံသား တယောက်လည်း ဆေးရုံမှာ ဒဏ်ရာများစွာနဲ့ ရောက်ရှိနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ 

ပြစ်မှုကျူးလွန်ခဲ့တဲ့ ထိုင်းလူငယ်တဦးကို ဖမ်းဆီးထားကြောင်း ပြောပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ ဓားထိုးခံရ သူဗြိတိန်နှစ်ယောက်ဟာ  သောကြာနေ့ ညနေကနေ စနေ မနက် ၃ နာရီအထိ အရက်သောက်နေပြီး သူတို့နေအိမ်ရှေ့မှာ  ကျယ်ကျယ်လောင်လောင် သီချင်းဆို ဂီတာတီးနေခဲ့တာပါ။ 

ဆူညံသံမခံနိုင်တဲ့ အသက် ၂၃ နှစ်ရှိ  ထိုင်း လူငယ်က စပါးရိတ်တဲ့ တံစဉ်နဲ့ နှစ်ယောက်စလုံးကို ဝင်ခုတ်ခဲ့တာလို့ဆိုပါတယ်။

ပြစ်မှုကျူးလွန်တဲ့ လူငယ်မှာ စိတ်ကျန်းမာရေးပြဿနာ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပြီး ဖြစ်စဉ်ကို မှုခင်းစစ်ဆေးရေးအဖွဲ့က အသေးစိပ် စစ်ဆေးနေပါတယ်။ 

//
More News
Up