အလှူရှင်များကူညီသည့်ငွေများဖြင့် DMO- PDF က CDM ရဲဘော်များကို အလှည့်ကျထောက်ပံ့

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ ပြည်သူ့ကာကွယ်ရေးတပ် DMO- PDF တပ်ဖွဲ့ဆီ ရောက်ရှိနေတဲ့  အကြမ်းမဖက် အာဏာဖီဆန်ရေးလှုရှားမှု (CDM) ပြုလုပ်ထားသူ ၁၇ ယောက်ကို တစ်ဦးလျှင် ငွေကျပ် ၁၀၈၀၀၀ နှုန်း ထောက်ပံ့ပေးခဲ့ပါတယ်။

မိမိ ကိုယ်ကျိုးကို စွန့်ကာ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ထားသူ အမြောက်အမြားဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF ဆီ ဝင်ရောက်လာပြီး စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး ဒီးမောဆို DMO-PDF က ဇန်နဝါရီ ၂၃ ရက်နေ့ ထုတ်ပြန်ထားပါတယ်။ 

အလားတူ ဇန်နဝါရီ ၅ ရက် နေ့တုန်းကလည်း DMO-PDF ဗဟိုကော်မတီက ဦးဆောင်ပြီး အလှည့်ကျထောက်ပံ့ငွေတွေကို CDM ရဲဘော် ၂၉ ယောက်ကို  တယောက် ကျပ်  ၁၀၈၀၀၀ ပထမအကြိမ် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်း ပြည်ပရှိ အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီပေးမှုကြောင့် CDM ရဲဘော် မိသားစုဝင် စားဝတ်နေရေးအတွက် များစွာအထောက်အကူဖြစ်စေခဲ့ပြီး ဆက်လက်ကူညီ ထောက်ပံ့ပေးကြဖို့ အလှူရှင်တွေကို မေတ္တာရပ်ခံထားပါတယ်။

//
More News
Up