Home
မြန်မာသတင်း
ကနီမြို့နယ်ထဲက ရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
January 23, 2022
272659218_242020511431546_1135517422008638622_n
272623706_242021058098158_2487113985799708636_n
272611670_242020468098217_7398512264605823625_n
272541507_242020544764876_3225945045402778474_n
272467848_242020654764865_8958177653271838103_n
272461019_242020698098194_3957534782083940027_n
272445835_242020574764873_2632582325056989105_n
272399578_242020618098202_6930332326127340581_n

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ရွာ ၂ ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့သလို ရွာသားတွေကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ မုတ်ထောရွာကိုဝင်ပြီး သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဖလပ်(ကားတွေကိုပါတင်နိုင်တဲ့ ဇက်သင်္ဘော)အကြီး ၉ စီးနဲ့ ဆန်တက်လာတယ်။ မုတ်ထောရွာကို ဝင်ပြီး ရွာထဲက အိမ်တွေကို မီးရှို့တယ်။ လူတွေကို လိုက်ပစ်တယ်။ လူတွေသေတယ်။ ဒါပေမဲ့ အသေအပျောက်စာရင်းကို မသိရသေးဘူး။ သူတို့က အဲရွာမှာပဲ ညအိပ်တယ်။ ဒီမနက်တော့ တဖက်ကမ်းက နတ်ကြီးရွာကို ဝင်ပြီး မီးရှို့တယ်။ လူတွေက ရှောင်နေကြတော့ အသေအပျောက်မရှိဘူး။” 

စစ်ကောင်စီတပ်တွေ မီးရှို့လို့ အိမ်ခြေ ၂၀ လောက် မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားတွေကတော့ တဖက်ကမ်း မုတ်ထောရွာကို ပြန်သွားပြီးနောက် အထက်ဘက်ကို ဆက်လက် ဆန်တက်သွားပြီလို့လည်း သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားတယောက်ကလည်း “မနေ့ညက မုတ်ထောကို မီးရှို့တော့ ကျနော်တို့က ဒီဘက်ကမ်းကနေ ကူပစ်ပေးတယ်။ ရွာကလူတွေကိုတော့ ရှောင်ခိုင်းထားတာပေါ့။ ဒီမနက်လည်း နတ်ကြီးရွာကို မီးရှို့တော့ ကျနော်တို့ တိုက်ဖို့သွားကြတယ်။ ဒါပေမဲ့ လက်နက်အင်အားမမျှလို့ မနက် ၈ နာရီကပဲ ပြန်ဆုတ်လာရတာပါ” လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024