Home
မြန်မာသတင်း
နေအိမ် ၁၆၀ မီးရှို့ခံရသည့် စမ်းမြို့ရွာပြည်သူများ ပြန်လည်ထူထောင်ရေးနှင့်စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်
DVB
·
January 22, 2022
272259028_135868135566278_7589658752492820374_n
272192357_135868112232947_6130279957417887902_n
272165475_135868278899597_3900414090508212914_n
272155907_135868202232938_3172594118553447801_n
272151407_135868165566275_7082770690829787365_n
272197521_136311768855248_8622294399661816024_n

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၆၀ ဆုံးရှုံးခဲ့တဲ့ စမ်းမြို့ရွာက ပြည်သူတွေ ပြန်လည်ထူထောင်ရေးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။

စမ်းမြို့ကျေးရွာကို စစ်ကောင်စီတပ်တွေက ၂ ကြိမ်တိုင်တိုင် ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်နေ့ ညနေပိုင်းက နေအိမ် ၁၃၂ လုံးနဲ့  ဒီဇင်ဘာ ၂၁ ရက်နေ့က နေအိမ် ၂၈ လုံး စုစုပေါင်း နေအိမ် ၁၆၀ မီးလောင်ပြာကျခဲ့ပြီး ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ စမ်းမြို့ရွာသားတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့မှာ ရွာကိုပြန်ရင်လည်း နေစရာအိမ်က မရှိတော့ဘူး။ အခုလက်ရှိ နီးစပ်တဲ့ ဆွေမျိုးတွေရှိတဲ့ ရွာတွေနဲ့  တောထဲတောင်ထဲတွေမှာ ဖြစ်သလို နေထိုင်နေကြရတယ်။ တချို့ ဆိုရင် ပထမအကြိမ် စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ကတည်းက ရွားမပြန်ရဲကြတာ။ အခုရွာမှာ နေအိမ် ၃၂ လုံးပဲ ကျန်တော့တယ်။ နေအိမ်တွေ ပြည်လည်တည်ဆောက်နိုင်ဖို့ရယ်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အသုံးဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေတယ်။” 

စမ်းမြို့ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ် အင်အား ၄၀ လောက်ကို ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က YDF နဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီးတော့ ၁၀ ယောက်လောက်ဒဏ်ရာရရှိသွားတယ်လို့  YDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အဆက်မပြတ်ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် YDF ရဲဘော် ၁ ယောက်နဲ့ မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီတပ်ဖွဲ့တွေ အကြမ်းဖက် မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံအများအပြား ထွက်ပြေးနေကြရပြီး ပြန်လည်ထူထောင်ရေးနဲ့ စားနပ်ရိက္ခာအကူညီတွေ အရေးပေါ်လိုအပ်နေတာကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေနဲ့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024