မင်္ဂလာဒုံလေတပ်စခန်းအဝင်ဝ ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန် မင်္ဂလာဒုံလေတပ်စခန်းအဝင်ဝမှာ ဇန်နဝါရီ ၂၁ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတဘ်။ 

ဒီနေ့မနက် မွန်းတည့် ၁၂ နာရီလောက်မှာ DRF အဖွဲသားတွေက ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး  ဂိတ်စောင့် စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရနိုင်တယ်လို့  မင်္ဂလာဒုံ အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထားဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေပြီး အခုလို စစ်ကောင်စီ တပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်မှုကတော့ ရှားပါးပါးဖြစ်ရပ်ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒီနေ့မနက် စစ်တပ်နယ်မြေတခုဖြစ်တဲ့ တိုက်ကြီးမြို့ပေါ်မှာလည်း ဗုံးသုံးလုံးပေါက်ကွဲခဲ့သလို မနေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံးအတွင်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါသေးတယ်။

အဲဒီပေါက်ကွဲမှုတွေကြောင့် ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်တွေ ပုံမှန်ကင်းလှည့်နေတဲ့အပြင် အရပ်ဝတ်တွေနဲ့လည်း လုံခြုံရေးစောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။

//
More News
Up