မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်နဲ့ ပြည်နယ်နဲ့တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ ထည့်သွင်းဖွဲ့စည်းပေးဖို့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင် တိုင်းရင်းသားများဖက်ဒရေးရှင်းက တောင်းဆိုထားပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတော့ တိုင်းရင်းသားတွေအနေနဲ့ လိုလားချက်အတိုင်း ကော်မရှင် ကို ပြင်ဆင်ဖွဲ့စည်းလိုပါက ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းပြီး ဆောင်ရွက်နိုင်တယ်လို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင်ကို ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ အသံဖိုင်နားဆင်ရန်