ရုရှား တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ယူကရိန်းနယ်စပ်အနီး ရောက်ရှိ

ရုရှားစစ်တပ် လေယာဉ်မှူးတွေဟာ KA-52 'Alligator' အမျိုးအစား တိုက်ခိုက်ရေးနဲ့ ကင်းထောက် စွယ်စုံသုံး ရဟတ်ယာဉ်အသစ်တွေကို ယူကရိန်းနယ်စပ်နားက ရုရှတောင်ပိုင်း ရို့စ်တော့ဗ်ဒေသ လေတပ်အခြေစိုက်စခန်းဆီကို ပထမဆုံးအကြိမ်အနေနဲ့ ဇန်နဝါရီ ၁၉ ရက်က ပျံသန်းလာခဲ့ပါတယ်။

ဒီရဟတ်ယာဉ်သစ်တွေဟာ မိုဒယ်ဟောင်းဖြစ်တဲ့ KA-50 ငါးမန်းနက် အမျိုးအစား ရဟတ်ယာဉ်တွေကို ခေတ်မီအောင် ပြုပြင်ထားတာပါ။

နောက်ဆုံးပေါ် လေယာဉ်ပုံစံထုတ် အီလက်ထရောနစ်စနစ်နဲ့ ပိုကောင်းတဲ့ တိုက်ခိုက်ရေး စနစ်တွေကြောင့် ဒီရဟတ်ယာဉ်တွေဟာ ဘယ်လိုအချိန် ဘယ်လို ရာသီဥတု အခြေအနေမှာ မဆို တိုက်ခိုက်နိုင်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အလီဂိတ်တာ ရဟတ်ယာဉ်အသစ်တွေ ရောက်လာချိန်ဟာ ယူကရိန်းနယ်စပ်ကို ရုရှားက စစ်သည်ထောင်သောင်းချီ ပို့ထားလို့ တင်းမာမှု မြင့်တက်နေချိန်ပါ။

ဒါကြောင့် အနောက်နိုင်ငံတွေဆီက သတိပေးချက်တွေ ပေါ်လာတဲ့အပြင် ကျူးကျော်စစ်အတွက် စိုးရိမ်မှု မြင့်တက်နေပါတယ်။

//
More News
Up