ဂျပန်ရုပ်ရှင်ပွဲတော် အွန်လိုင်းက ၂ ပတ်ကြာ ကျင်းပမည်

မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဂျပန်ရုပ်ရှင်ပွဲတော်ကို အခုနှစ်မှာလည်း အွန် လိုင်းရုပ်ရှင်ပွဲတော်အနေနဲ့ ၂ ပတ်ကြာ ကျင်းပမယ်လို့ သိရပါတယ်။

ဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး ဂျပန်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို ထင်ဟပ်ပုံဖော်ထားတဲ့ ဂျပန်ရုပ်ရှင်ဇာတ်ကား ၂၀ ကို ရွေးချယ်ပြသသွားမှာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ ပွဲတော်ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၂၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ Japanese Film Festival Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း ဒီပွဲတော်ကို အွန်လိုင်းကတဆင့် ကျင်းပခဲ့တာဖြစ်ပြီး ဒီမတိုင်ခင်နှစ်တွေကတော့ ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။   

အက်ရှင်၊ ဟာသ၊ ဒရာမာနဲ့ အန်နီမေးရှင်းကာတွန်းရုပ်ရှင်ကားတွေပါ အမျိုးအစား စုံစုံလင်လင် ကြည့်ရှုနိုင်မယ့် ဒီပွဲတော်မှာ ဂျပန်ရုပ်ရှင်ကားတွေအားလုံးကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှာပါ တပြိုင်တည်း ကြည့်ရှုနိုင်မှာဖြစ်ပြီး ဖော်ပြပါဝက်ဘ်ဆိုက်လင့်ခ် https://jff.jpf.go.jp/watch/jffonline2022/ မှာ မှတ်ပုံတင်ပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

//
More News
Up