မန္တလေး အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းအနီး ပစ်ခတ်မှုဖြစ်၊ ၂ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ မြို့ပတ်လမ်းရှိ အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ်(၁) အနီးမှာ ဇန်နဝါရီ ၁၉  ရက် ည ၇ နာရီကျော်လောက်က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေ စစ်ဆေးတာကို ပစ်ခတ်ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စတင်ပစ်ခတ်တဲ့အဖွဲ့ထဲက အသက် ၆၀  ကျော်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို သေနတ်မှန်ခဲ့ကာ ဖမ်းဆီးမိသွားတယ်လို့ သိရပါတယ်။

“သေနတ်သံကတော့ အပြန်အလှန်ပစ်တဲ့အသံကြားရတယ်။ စစ်သားတွေ စစ်ဆေးတာကို သေနတ်နဲ့ ပစ်တာကနေ အပြန်အလှန်ပစ်တာ။ ပစ်တဲ့အထဲက တစ်ယောက် သေနတ်မှန်ပြီး မိသွားတယ်။” လို့ အောင်မြေသာစံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားရဲ့ ပစ်ခတ်မှုကြောင့် အလုပ်က ပြန်လာတဲ့ အမျိုးသမီးတစ်ယောက် ဆီးခုံ ကျည်ထိမှန်ခဲ့လို့  ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။

//
More News
Up