ဘိုကလေးမြို့တွင် ဗုံးပေါက်ကွဲ၊ ကြံခင်းမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲခံရ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ရှိ  မိခင်နှင့်ကလေးကျန်းမာရှေးဌာန ရုံးရှေ့မှာ ဇန်နဝါရီ ၁၉ ရက် ညပိုင်းက  ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အမှတ် ၅ ရပ်ကွက်၊ အောင်ဩဘာလမ်းမှာရှိတဲ့ အဆိုပါရုံးရှေ့မှာ  ည ၉ နာရီ မိနစ် ၄၀ လောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ 

ဘိုကလေးမြို့ခံတဦးက “တော်တော်ကျယ်တယ်။ တမြို့လုံးလိုလိုကြားလိုက်ရတာ။ လူခြေတိတ်ချိန်ပေါက်တာလည်းပါမယ်။ ထိခိုက် ပျက်စီးတာမျိုးတော့ မရှိဘူး သတိပေးတဲ့အနေနဲ့ ခွဲတာဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကြံခင်းမြို့နယ်ထဲမှာလည်း ဒီကနေ့ မနက်ပိုင်း စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ၂ တိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

//
More News
Up