ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ အဖွဲ့ နိုင်ငံရေး ဆွေးနွေး

ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီနဲ့ ဦးမြအေးတို့ ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေပိုင်းက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ [caption id="attachment_51241" align="alignleft" width="300"]ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)[/caption]နေပြည်တော်ရှိ အမှတ် ၂ စည်ပင်ဧည့်ရိပ်သာမှာ ညနေ ၄ နာရီကနေ ၄ နာရီ မိနစ် ၄၀ အထိ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။ လက်ရှိ အသွင်ကူးပြောင်းရေးကာလဟာ အရေးကြီးတဲ့အတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဆွေးနွေးမှုရလဒ်တွေကို လာမယ့် ရက်သတ္တပတ်အတွင်း ပူးတွဲ ထုတ်ပြန်သွားမယ်လို့လည်း ဦးဂျင်မီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up