ဘရာဇီးနာမည်ကျော် ဆင်းရဲသားရပ်ကွက်က မူးယစ်ဂိုဏ်းများကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

ဘရာဇီးနိုင်ငံ ဒုတိယအကြီးဆုံးမြို့ ရီယိုဒီဂျေနေရိုရှိ မူးယစ်ဆေးရောင်းဝယ်တဲ့  ဂိုးဏ်းတွေ ကြီးစိုးထားတဲ့ ဆင်းရဲသားရပ်ကွက်တွေထဲကို မနေ့က ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ 

ရဲတွေက ရပ်ကွပ်တွေထဲ သံချပ်ကာကားတွေနဲ့ပါ မောင်းဝင်ပြီး လမ်းကြိုလမ်းကြားနဲ့ အိမ်ကြိုအိမ်ကြားတွေထဲ ၄ နာရီကြာ စစ်ဆင်ရေးလုပ်ခဲ့တာပါ။

အုပ်ချုပ်ရေးမှူး ကလောဒီယို ကက်စထရိုက ဘရာဇီးမှာ ‘favelas’ လို့ ကျော်ကြားတဲ့ ဆင်းရဲသား ကျူးကျော်နေရာတွေမှာ တရားဥပဒေစိုးမိုးအသစ် လုပ်ဆောင်တာလို့ ပြောပါတယ်။ 

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက မူးယစ်ဂိုဏ်းတွေဘက်က လက်နက်ကိုင်တုံ့ပြန်မှု ရှိနိုင်တာကြောင့် အခုလို အင်အားအများအပြားနဲ့ ဝင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်မှု တစုံတရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

၂၀၀၁ မေလက ရီယိုဒီဂျေနေရိုမြို့ရဲ့ မြောက်ဘက် ဆင်းရဲသားရပ်ကွက်တခုကို ရဲတွေ ဝင်စီးနင်းခဲ့တာမှာ လူ ၂၉ ဦး သေဆုံးခဲ့တာကြောင့် လူ့အခွင့်အရေးအုပ်စုတွေရဲ့ ပြစ်တင်ဝေဖန်မှု ခံခဲ့ရပါတယ်။ 

၂၀၁၉ မှာ  ရဲတပ်ဖွဲ့ရဲ့ တည်ငြိမ်အေးချမ်းစေရေးစီမံချက် ‘pacification project’ အောက်မှာလည်း ၁၈၁၄ ဦး အသတ်ခံခဲ့ရပါတယ်။

//
More News
Up