ကိုဗစ်ကူးစက်မှုကြောင့် ပေကျင်းအိုလံပစ်လက်မှတ် အများပြည်သူကို မရောင်းချ

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်ဖြစ်လာပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့ စတင်မယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် အများပြည်သူကို လက်မှတ်ရောင်းချပေးမယ့်အစီအစဉ် ဖျက်သိမ်းလိုက်တယ်လို့ သက်ဆိုင်ရာက ကြေညာပါတယ်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကိုသာ ဦးစားပေးမှာကြောင့် အားကာစားပြိုင်ပွဲတွေကို လာရောက်ကြည့်မယ့် နိုင်ငံတကာပရိသတ်တွေကိုလည်း ဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ကြေညာပါတယ်။ 

သီးသန့်ကန့်သတ်ထားတဲ့ လူတစုနဲ့သာ ကျင်းပမှာဖြစ်ပြီး ပရိသတ်အများ ကြည့်ရှုနိုင်အောင် သီးခြားစီစဉ်မယ်လို့ ထုတ်ပြန်ပါတယ်။

//
More News
Up