မဲခေါင်မြစ်အတွင်း တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း ၄ နိုင်ငံ ပူးပေါင်းပြီး ၄ ရက်ကြာကင်းလှည့်

တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း ၄ နိုင်ငံ ပူးပေါင်းပါဝင်တဲ့  ၁၁၃ ကြိမ်မြောက် မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှုကို ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျင်းဟာ ဆိပ်ကမ်းကနေ တရုတ်ရေယာဉ်နှစ်စင်းဟာ ကင်းလှည့်ဖို့ မနေ့မနက် ၉ နာရီမှာ ထွက်ခွာသွားခဲ့တယ်လို့ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက ပြောပါတယ်။

အဆိုပါ ရေယာဉ်တွေဟာ ပူးတွဲကင်းလှည့်မှုကာလ အချိန် ၄ ရက်နဲ့ ၃ ညတာအတွင်း ကီလိုမီတာ ၆၀၀ ကျော် သွားလာမယ်ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံရှိ လန်ကန်မြစ်လို့ လူသိများတဲ့ မဲခေါင်မြစ်ဟာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးအတွက် အရေးပါတဲ့ ရေလမ်းဖြစ်ပါတယ်။

တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက မြစ်ကြောင်းပူးတွဲကင်းလှည့်မှုတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

//
More News
Up