Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ
DVB
·
January 17, 2022

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်လော(န)ကျေးရွာမှာရှိတဲ့ စစ်တပ်ပိုင် Mytel  တာဝါတိုင်ကို ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

Mytel  တာဝါတိုင်ကို ဘက်မလိုက် ပြောက်ကျားအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး နောက်နောင်မှာလည်း စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှကို တိုက်ခိုက်သွားမယ်လို့ အဆိုပါအဖွဲ့က ပြောဆို လိုက်ပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ အင်းအာဖြည့်တင်းပြီး လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ခုလို Mytel  တာဝါတိုင် မီးရှို့ဖျက်ဆီးခံရတာဖြစ်ပါတယ်။ 

တနင်္သာရီမြို့နယ်၊ တကူကျေးရွာစာသင်ကျောင်းမှာ မနေ့ မနက်‌အစောပိုင်းက စစ်ကောင်စီတပ်  အင်အား ၃၀ လောက် ထပ်မံရောက်ရှိလာပြီး ကျေးရွာအတွင်း လုံခြုံရေးအကြောင်းပြကာ ယာဉ်အဝင်အထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် လိုင်စင်မဲ့ဆိုင်ကယ်နဲ့ ဆိုင်ကယ်သုံးယောက်စီးတဲ့သူတွေကိုလည် စစ်တပ်က ဖမ်းဆီးနေပြီး ပီဒီအက်ဖ်နဲ့ အဆက်အသွယ်ရှိတဲ့ဆိုတဲ့ သံသယနဲ့လည်း ပြည်သူတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ရက်က ဖမ်းထားတဲ့ ပြည်သူ ၃ ယောက်ကိုလည်း ပြန်မလွှတ်ပေးဘဲ မိသားစုနဲ့လည်း အဆက်အသွယ်မရ ဖြစ်နေပါတယ်။ 

CJ B2-HK

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024