စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတေးသံသီချင်းဖြင့် ရန်ကုန်လူထုသပိတ်

ရန်ကုန်လူထုသပိတ်က လူထုတေးသံသီချင်းသီဆိုကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဇန်နဝါရီ ၁၆ ရက်နေ့ ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့တော်လှန်ရေးအရေးတော်ပုံကြီးဟာ လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

တောင်တန်း ပြည်မ မြို့ရွာမကျန် တစ်တိုင်းပြည်လုံးရှိ ပြည်သူလူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ဒီနေ့ထိ ၂၁ နွေဦးတော်လှန်ရေးခရီးစဉ်တလျှောက် အားကောင်းနေဆဲပဲ ဖြစ်ပါတယ်။

//
More News
Up