Home
မြန်မာသတင်း
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မိုင်းကိုင်စစ်ရှောင်များ ဒုက္ခရောက်နေ
DVB
·
January 16, 2022

ဇန်နဝါရီ ၁၅ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းလာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့၊  မွေတော်တပေါင်းဝင်းအတွင်းရှိ ယာယီ စစ်ရှောင်တဲတွေ အမိုးလန် ပျက်စီးသွားကာ နေစရာ အခက်အခဲကြုံနေကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

"မနေ့က မိုးအရမ်းကြီးတာရယ်၊ တချို့ဆိုတဲတွေ အကုန်လန်သွားတာမျိုး ကြုံနေရတယ်" လို့ စစ်ရှောင် ပြည်သူတစ်ဦး က ပြောပါတယ်။

အရင်က ပန်ကေတုနဲ့ မြို့ပြင်ဘက်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံခဲ့ပေမယ့် တိုက်ပွဲက နေထိုင်ရာနေရာနဲ့ နပိုနီးလာလို့ မြို့ဘက်ထဲ ပြောင်းရွှေ့နေထိုင်ကြရပြီး နေရာမဆံ့တာကြောင့် ကွင်းပြင်မှာ တဲထိုးနေထိုင်ကြရာ ရုတ်တရက် မိုးရွာသွန်းမှုကြောင့် ခက်ခဲဒုက္ခရောက်ရ‌တာလို့ စစ်ဘေးဒုက္ခသည်‌တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"အခုလောလောဆယ် နေရာထိုင်ခင်းတော့ အခက်အခဲ ရှိတာပေါ့နော်။ သူတို့ စောင်တွေလည်း မလောက်တာ ရှိတယ်ပေါ့နော်။ မနေ့က ဆိုလို့ရှိရင် ဒီ မိုးအရမ်းကြီးတဲေအခါကတော့ မိုးစိုသွားတာမျိုးတွေ ရှိတယ်။”

စစ်ရှောင် လူဦးရေက မတည်ငြိမ်သေးပဲ တိုးလိုက်၊ လျော့လိုက်ဖြစ်နေပြီး ပျမ်းမျှ ၂၆၀၀ ဝန်းကျင်မှာ ရှိတယ်လို့ ဆိုပါတယ်။

"စစ်ရှောင်ဦးရေက သတမတ်တည်းတော့ မဟုတ်ဘူးပေါ့နော်။ တချို့နေရာကျတော့ ပြန်တိုးလာတာ ရှိတယ်ရှင့်။ စုစုပေါင်း ပျမ်းမျှ စစ်ဘေးဒုက္ခသည်က ၂၆၀၀ လောက်ရှိတယ် ခုလောလောဆယ် မိုင်းကိုင်မှာလေ။" 

လက်ရှိ မိုင်းကိုင်မြို့နယ်မှာ တိုက်ပွဲရှောင်စခန်း ၁၄ ရှိပြီး အိမ်ထောင်စု ၇၆၀၊ လူဦးရေ ၂၅၈၆ ဦး တိမ်းရှောင်နေကြရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

Photo Crd- စစ်ရှောင်ကူညီနေတဲ့သူ ၁ ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024