ရခိုင်ရိုးမပေါ်ရှိ ယာယီတိမ်းရှောင်စခန်းကို စစ်ကောင်စီတပ်ကစီးနင်း၊ ၂ ဦးသေဆုံး ၆ ဦး အဖမ်းခံရ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ရခိုင်ရိုးမပေါ်က ယာယီ တိမ်းရှောင်စခန်းတခုကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၁၄ ရက်က အကြမ်းဖက်ဝင်ရောက် ပစ်ခတ် စီးနင်းခဲ့တဲ့ အတွက် PDF  ၂ ယောက်သေဆုံးပြီး ၊  အသက်မပြည့်သူတွေအပါအဝင် တခြားသူ  ၆  ယောက်အဖမ်းခံလိုက်ရတယ်လို့ ဒေသခံထံက  သိရပါတယ်။

ကံမမြို့နယ်၊ ကြို့ပင်တိုက်နယ်မြေထဲက ဒေသခံတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မကြာခဏ ဝင်ရောက် ရှာဖွေဖမ်းဆီးတာ၊ တပ်သားသစ်စုဆောင်းတာ၊ ပေါ်တာစွဲတာ၊ ပြည်သူ့စစ်သင်တန်းပေးတာတွေကို အဓမ္မလုပ်ကိုင်နေတာကြောင့် ကြို့ပင်တိုက်နယ်ထဲက ဒေသခံတွေ ရခိုင်ရိုးမအပေါ်အထိ တက်ရောက်ပြီး တိမ်းရှောင်နေကြရတာပါ။ 

အဲ့ဒိနေရာတွေမှာ စစ်ကောင်စီကို ဆက်ကြေးပေးပြီး သစ်ခိုးထုတ်နေသူတွေအတွက် အလုပ်လုပ်ဖို့ အဆင်မပြေတာကြောင့်  သစ်ခိုးသူတွေက သတင်းပေးလိုက်လို့ နေရာသိပြီး အခုလို ဝင်ရောက် စီးနင်းတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

အဖမ်းမခံရဘြ လွတ်မြောက်လာသူတယောက်က “ဒီမှာက လက်နက်ငယ်လောက်ပဲရှိတာ။ သူတို့က ဝင်လာကတတည်းက  လက်နက်ကြီးတွေနဲ့ အတင်းပစ်ပြီး ဝင်လာတာ. ၊ မနက် ၇ နာရီလောက်ပဲရှိသေးတာ။ ဘယ်သူကမှ ထင်မထားဘူးလေ။ သစ်ခိုးတဲ့လူတွေက ဒီနေရာကိုသိသွားတာ။ သူတို့သစ်ပုံကြီးက တန်ရာချီပြီးရှိတယ်။ ဒီနေရာမှာ အဲဒါတွေကို လာသယ်ဖို့ခက်နေတော့ ကျနော်တို့ကို ရှင်းခိုင်းတာ” လို့ ပြောပါတယ်။

အခုလိုတိမ်းရှောင်လာသူတွေကို သားရဲတိရစ္ဆာန်နဲ့ စစ်ကောင်စီတပ်တွေရဲ့ ရန်ကနေ ကာကွယ်ပေးဖို့အတွက်ဒေသခံ PDF အဖွဲ့က တာဝန်ယူပေးထားပါတယ်။  အခုတိုက်ခိုက်ခံ လိုက်ရတာက ဒေသတွင်းလှုပ်ရှားနေတဲ့ ကံမသရက်ပူးပေါင်းPDF အဖွဲ့မဟုတ်ဘဲ စစ်ဘေး‌ရှောင်တွေကိုကာကွယ်ပေးနေတဲ့ PDF အဖွဲ့ဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာနေရာဟာ ရခိုင်ရိုးမပေါ်က၊ ရသေ့တောင်အနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး၊ စခန်းကိုစောင့်ရှောက်ပေးနေတဲ့  တူမီးကိုင် လူငယ် PDF အဖွဲ့ဝင်  ၂ ယောက် သေဆုံးသွားပါတယ်။ အသက် မပြည့်သေးတဲ့ ကလေး  ၃ ယောက် အပါအဝင် ဒေသခံပြည်သူ ၆ ယောက် ကို တော့ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သရက်အကျဉ်းထောင် စစ်ကြောရေးကို  ခေါ်ဆောင်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up