ရီးယယ်မက်ဒရစ်အသင်းပိုင် ဘောလုံးကွင်းကို ယူရို ၄၀၀ သန်း ကုန်ကျခံ အဆင့်မြင့်မည်

စပိန်နိုင်ငံ ရီးယယ်မက်ဒရစ်အသင်းပိုင် ဘန်နာဗျူးဘောလုံးကွင်းကို ယူရိုသန်း ၄၀၀ အကုန်အကျခံပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးကွင်းအဖြစ် အဆင့်မြင့်မယ်လို့ အသင်း ဥက္ကဌက သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ Santiago Bernabeuဒီနှစ်ဘောလုံးရာသီ အကုန်မှာ အဲ့ဒီပရောဂျက်ကို စတင်မှာဖြစ်ပြီး ၂၀၁၇ မှာ ပြီးစီးမယ်လို့ ဆိုပါတယ်။ ဘောလုံးကွင်းအပြင်ပိုင်းဒီဇိုင်းကို အသစ်ပြန်လုပ်မှာဖြစ်ပြီး ဟိုတယ်တခုနဲ့ shopping centre တခုလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ ကွင်းဒီဇိုင်းပိုင်းကို ဂျာမနီနိုင်ငံ၊ ဟန်းဘတ်မြို့အခြေစိုက် ဘောလုံးကွင်းဒီဇိုင်းကုမ္ပဏီ GMP ကုမ္ပဏီက တခြားကုမ္ပဏီတွေနဲ့ ပြိုင်ပြီး ဒီဇိုင်းရေးဆွဲခွင့်ကို ရရှိခဲ့ပါတယ်။ ရီးယယ်မက်ဒရစ်အသင်း ဥက္ကဌ ဖလိုရန်းတီနို ပဲရက်က ရီးယယ်မက်ဒရစ်ဘောလုံးကွင်းကို ကမ္ဘာ့အကောင်းဆုံး နဲ့ ခေတ်အမီဆုံး၊ မဒရစ်မြို့တော်ရဲ့ အထင်ကရ အမှတ်တံဆိပ် ဖြစ်ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ GMP ကုမ္ပဏီတော့ ဒီဘောလုံးကွင်းပရောဂျက်ဟာ ကုမ္ဗဏီသမိုင်းမှာ အထူးခြားဆုံးဖြစ်ပြီး မျိုးဆက်သစ် ဘောလုံးကွင်းဒီဇိုင်းဖြစ်မယ်လို့ ဆိုပါတယ်။ ရီးယယ်မက်ဒရစ်အသင်းရဲ့ ဘန်နာဗျူးကွင်းကို ၁၉၅၀ နှစ်တွေက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၈၂ ခုနှစ်မှာ စပိန်ကမ္ဘာ့ဖလားပွဲအတွက် မွမ်းမံမှုတွေ လုပ်ခဲ့ပါတယ်။ ဥရောပတိုက်မှာ အကြီးဆုံးဘောလုံးကွင်းကတော့ ဘာစီလိုနားအသင်းရဲ့ နူးကမ့်ဘောလုံးကွင်း ဖြစ်ပြီး ၁၉၅၀ နှစ်တွေကပဲ ဖွင့်လှစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up