ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တို့ ၃ နေရာလောက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ယောက်လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ မင်းတပ် CDF ကထုတ်ပြန်ပါတယ်။
မင်းတပ်-မတူပီကားလမ်း ၃၉ မိုင်မှာ မနေ့က မွန်းတည့် ၁၂ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မတူပီဘက်ကို ဆက်ပြီးထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မနေ့ညနေ ၅ နာရီလောက်က ၄၂ မိုင်နားမှာ မင်းတပ် CDF က ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၄ ယောက်လောက် သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
၄၅ မိုင်နားမှာလည်း စစ်ကောင်စီယာဥ်တန်းကို မင်းတပ် CDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးမျိုးစုံနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် မင်းတပ် CDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲနဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။