DVB Logo
Home
မြန်မာသတင်း
ရပ်ကျေးအာဏာပိုင် အပြောင်းအလဲလုပ်ရန် ၈၈ အစီရင်ခံစာထုတ်
DVB
·
January 31, 2014
ရပ်ကျေးအာဏာပိုင် အပြောင်းအလဲလုပ်ရန် ၈၈ အစီရင်ခံစာထုတ်
Donate to DVB

ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး (သို့မဟုတ်) အခြေခံအစိုးရများ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာ ၂၀၁၃-၂၀၁၄"လို့ နာမည်ပေး ထားတဲ့ အစီရင်ခံစာမှာ အခန်း ၄ ခန်းခွဲ ဖော်ပြထားပါတယ်။

88 gENERATION pEACE AND OSအခန်း ၁ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနဲ့ ရွေးကောက်ပွဲကာလ အခြေအနေများ၊ အခန်း ၂ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲနဲ့ နိုင်ငံရေးပါတီများရဲ့ အားပြိုင်မှု၊ အခန်း ၃ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တိုင်တန်းခြင်းနဲ့ အရေးယူခြင်း၊ အခန်း ၄ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များရဲ့ လုပ်ပိုင်ခွင့်နဲ့ အရည်အသွေး ဆိုပြီး ဖော်ပြထားတာပါ။

ဒီအစီရင်ခံစာကို ပြုစုထုတ်ဝေတဲ့ ၈၈ မျိုးဆက် လူထုဆက်ဆံရေးဌာန တာဝန်ခံ ကိုဂျင်မီက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့အားနဲ့ ပြောင်းလို့ရတယ်ဆိုတဲ့ သတင်းစကား ပါးချင်တယ်လို့ ခုလို ပြောပါတယ်။

“ရပ်ကျေးအုပ်ချုပ်ရေးဆိုတာ အခြေခံ အစိုးရဗျ။ အဲဒီ အခြေခံ အစိုးရကို ပြည်သူလူထုကို သေသေချာချာ သိအောင် လုပ်ပြီးတော့ ပြည်သူလူထု နည်းနဲ့ ပြောင်းလို့ရတယ်ဆိုတဲ့ သတင်းစကားကို ပေးချင်တယ်ဗျ။ ကျနော်တို့ ကိုယ်တိုင်ကလည်း ပြည်သူလူထုနဲ့ အနီးကပ် နေပြီးတော့မှ ဒီအခြေခံ အစိုးရ တည်ဆောက်ရေး၊ အခြေခံ အစိုးရအပေါ်မှာ ပြည်သူ့ ကိုယ်စားပြုတဲ့ သူတွေ တကယ်ပေါ်ပေါက်လာဖို့အတွက် ပြည်သူလူထုနဲ့ လက်တွဲပြီး ဆောင်ရွက်သွားမယ်ဆိုတဲ့ သတင်းစကားပေးချင်ပါတယ်။”

အစီရင်ခံစာထုတ်ဝေတာနဲ့ ပတ်သက်ပြီး ရန်ကုန်က ၈၈ မျိုးဆက် ရုံးခန်းမှာ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013