Home
မြန်မာသတင်း
ရေဦးမြို့နယ်တွင် ပရဟိတလုပ်နေသူ ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
January 12, 2022

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း ပရဟိတလုပ်ကိုင်နေတဲ့‌ ရေဦးအောင်ဆန်းရပ်ကွက်မှာ နေထိုင်သူ ဦးကျော်ဝင်းကို ဇန်နဝါရီ ၁၁ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဦးကျော်ဝင်းဟာ  ရေဦးမြို့ပေါ်မှာ အောင်ဆုမွန် အထက်တန်းကျူရှင်သင်ကြားနေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလူက နိုင်ငံရေးတွေကတော့ စိတ်မဝင်စားဘူးရယ်။ ပရဟိတလုပ်ငန်းဆိုရင် အနီ၊ အစိမ်းမခွဲဘူး၊ အကုန်တွဲလုပ်တာဗျ။ စစ်ကောင်စီက အခုလို သက်သက်မဲ့ကြီး လာဖမ်းသွားတာကို ကျနော်တို့ ဒေသခံတွေက အံ့ဩနေကြတာ။ ဒီလူက ကိုယ်ဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာဆိုရင် အောက်စီဂျင်လူနာတွေရဖို့ရာ တက်တက်ကြွကြွလုပ်ခဲ့တဲ့သူပါဗျာ။ ကိုဗစ်ဖြစ်လို့ ဒေသခံတွေ အစားအသောက်တွေ အခက်အခဲတွေ ဖြစ်တုန်းကလည်း သူပဲ မျှဝေခြင်းအစီစဉ်ဆိုပြီး ခက်ခဲနေသူတွေကို အကုန်လုပ်ကိုင်ပေးခဲ့တဲ့ သူတစ်ယောက်ပါ” လို့ ရေဦးမြို့ခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

စစ်ကောင်စီက ဦးကျော်ဝင်းကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်အမှတ် ၂ မဲဆန္ဒနယ်မြေ ဦးမြင့်ထွေးရဲ့ မဲရုံမှူး လုပ်ခဲ့တာကြောင့် အခုလိုဖမ်းဆီးတာလို့ ရေဦးမြို့နယ်ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောဆိုပါတယ်။

ဦးကျော်ဝင်းဟာ လက်ရှိအချိန်အထိ ရေဦးမြို့နယ်တခုလုံးက ကိုဗစ်လူနာတွေအတွက် အခမဲ့အောက်စီဂျင်ရရှိဖို့ရာ အောက်စီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက်  ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေဆဲလို့ ရေဦးမြို့နယ် ပရဟိတလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024