DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များ ခေါ်ယူမှု အမေရိကန်ရပ်ဆိုင်း
DVB
·
January 31, 2014
မြန်မာဒုက္ခသည်များ ခေါ်ယူမှု အမေရိကန်ရပ်ဆိုင်း
Donate to DVB

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်နေရာချထားပေးနေတဲ့ အစီအစဉ်ကို တရားဝင် အဆုံး သတ်လိုက်ပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင်ခရိုင်မှာ ရှိတဲ့ ဒုက္ခသည်စခန်း ၃ ခုက မြန်မာဒုက္ခသည် နောက်ဆုံးအသုတ်ကို လက်ခံပြီးနောက် ၉ နှစ်ကြာ ဆောင်ရွက်ပေးနေတဲ့ အစီအစဉ်ကို အမေရိကန်အစိုးရက ရပ်ဆိုင်းလိုက်တာလို့ ယူအန်အိပ်ခ်ျစီအာရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

[caption id="attachment_51087" align="alignleft" width="500"]မယ်လဒုက္ခသည်စခန်း - ၂၀၁၂ ခုနှစ် (ဓာတ်ပုံ ရိုက်တာ) မယ်လဒုက္ခသည်စခန်း - ၂၀၁၂ ခုနှစ် (ဓာတ်ပုံ ရိုက်တာ)[/caption]ထိုင်းနိုင်ငံဆိုင်ရာ ယူအန်အိပ်ခ်ျစီအာ ဌာနေကိုယ်စားလှယ် မီရဲယ်ဂျီရာဒ်က ခုလိုအစီ အစဉ်ရပ်ဆိုင်းလိုက်တာဟာ ပြန်လည်နေရာချထားရေးအစီအစဉ်ကို လုံးလုံးရပ်ဆိုင်း လိုက်တာလို့ မဆိုလိုကြောင်း၊ ကုလသမဂ္ဂအနေနဲ့ ဒုက္ခသည်တွေကို တဦးချင်းအထူး အကာအကွယ်ပေးဖို့ လိုအပ်မှု အခြေအနေပေါ်မှုတည်ပြီး ဆက်လက် ဆောင်ရွက်ပေးသွား ပေးမှာဖြစ်ကြောင်း၊ မိသားစုတွေပြန်လည်ပေါင်းစည်းနိုင်အောင်နဲ့ မိသားစုဝင်တွေကို အတူတူပြန်လည်နေရာ ချထားပေးနိုင်အောင်လည်း ထိုင်းအစိုးရနဲ့ရော သက်ဆိုင်ရာ နိုင်ငံတွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ယူအန်အိပ်ခ်ျစီအာဝက်ဘ်ဆိုဒ်မှာ ပြောကြားထားပါတယ်။

အမေရိကန်နိုင်ငံဟာ နယ်စပ်နေ မြန်မာဒုက္ခသည်တွေကို အများဆုံးခေါ်ယူနေတဲ့ နိုင်ငံဖြစ်ပြီး ၂၀၀၅ ခုနှစ်က စပြီး နယ်စပ်က မြန်မာဒုက္ခသည်ပေါင်း ၇၃,၀၀၀ ကျော်ကို အမေရိကန်ပြည်ထောင်စုက ပြည်နယ်အသီးသီးမှာရှိတဲ့ မြို့တွေမှာ ရွှေ့ပြောင်းနေ ရာချထားပေးခဲ့ပြီးဖြစ်ပါတယ်။

အလားတူ သြစတြေးလျ၊ ကနေဒါ၊ ဖင်လန် နဲ့ ဂျပန် အပါအ၀င် တတိယနိုင်ငံတွေမှာ နေရာချထားပေးတဲ့ မြန်မာဒုက္ခသည် အရေအတွက်ကတော့ ၁၉,၀၀၀ လောက်ရှိတယ်လို့ ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နယ်စပ်နေဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ တခြားကူညီစောင့်ရှောက်မှုတွေ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ တီဘီစီအဖွဲ့ဝင် မိုက်ခ်ဘရုစ်ကတော့ ၂၀၀၅ ခုနှစ်ကတည်းက မြန်မာဒုက္ခသည်ပေါင်း ၉၀၀၀၀ လောက်ကို နိုင်ငံအတော်များများမှာ နေရာပြန်လည်ချထားပေး ခဲ့ကြောင်းနဲ့ ဒီအစီအစဉ်ထဲမှာ ပါနေသူတွေကို ဆက်လုပ်ပေးမှာဖြစ်ပြီး အရေးပေါ် လိုအပ်နေသူတွေကို တဦးချင်းအခြေအနေပေါ်မှုတည်ပြီး စဉ်းစားဆောင်ရွက်ပေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ မရေရာသလို တတိယနိုင်ငံတွေကို သွားရောက်ဖို့လည်း မသေချာတဲ့ အခြေအနေမှာ စိတ်ဓာတ်ကျနေတယ်လို့ မြန်မာပြည်က ဒုက္ခသည် ၄၃,၀၀၀ ကျော် နေထိုင်ရာ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာနေထိုင်တဲ့ စောလေးဖိုးက ခုလို ပြောပါတယ်။

“နေရပ် ဘာဖြစ်လို့ မပြန်သေးလဲဆိုတော့ အခြေအနေက အတိအကျမှ မသိရသေးတဲ့ဟာ ကံသေကံမတော့ ပြောလို့ မရဘူး။ ဘယ်သွားရမလဲ၊ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ်မယုံကြည်သေးဘူး။ တဖက်ကဟာလည်း မယုံကြည်သေးဘူး၊ လောလောဆယ်တော့ ဒီမှာပဲဆက်နေဦးမယ်။ တခြားနိုင်ငံ သွားတော့သွားချင်တာပေါ့။ ရည်ရွယ်ချက်ကတော့ ရှိတာပေါ့။ ဒါပေမယ့် ဖြစ်မြောက်မလား၊ မဖြစ်မြောက်မလား အတိအကျ ပြောလို့မရဘူး၊ တချို့လူတွေကတော့ စိတ်ဓာတ်တော့ကျနေပါပြီ။ နေလာရတာလည်း နှစ်ရှည်လများ ကြာလာပြီဆိုတော့ ငြီးငွေ့လာပြီ၊ ထွက်ပေါက်တခုခုတော့ရှာနေကြပြီပေါ့။ ထွက်ပေါက်ဆိုတာကတော့ ဘန်ကောက်ပဲ တက်မလား၊ မလေးရှားပဲသွားမလား ဒီလိုမျိုးပေါ့။”

ယူအန်အိပ်ခ်ျစီအာ ဘန်ကောက်ရုံး ပြန်ကြားရေးအရာရှိ မစ္စ ဗီဗီယန် တန်ကတော့ ခုချိန်မှာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့် အချိန်ကာလ သတ်မှတ်ချက်မရှိသေးကြောင်း၊ ယူအန်အိပ်ခ်ျစီအာက မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး အဆုံးသတ်မှာတော့ ဘယ်အချိန် အိမ်ပြန်မလဲဆိုတာ ဒုက္ခသည်တွေကိုယ်တိုင် ဆုံးဖြတ်ကြရမယ်လို့ ဒီဗွီဘီကို အီးမေးလ်ကတဆင့် ဖြေကြားပါတယ်။

ဒါ့ပြင် ခုချိန်မှာတော့ နေရာအများစုမှာ ထာဝရ အပစ်အခတ်ရပ်စဲရေးမရသေးဘဲ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်ပြန်နေထိုင်နိုင်မယ့် အခြေအနေ မရှိသေးဘူးလို့ ကုလသမဂ္ဂက ယုံကြည်ထားတယ်လို့လည်း ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာဒုက္ခသည်ပေါင်း ၁၂၀,၀၀၀ ကျော် လောက် ဆက်လက်ခိုလှုံနေကြဆဲဖြစ်တယ်လို့ တီဘီစီ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013