DVB Logo
Home
Lead Story
ကမ္ဘာ့ဘဏ် ကျေးရွာပေါင်း ၁၀၀၀ ကို ကျပ်ငွေ ဘီလီယံ ၃၀ ထောက်ပံ့သွားမည်
DVB
·
January 31, 2014
ကမ္ဘာ့ဘဏ် ကျေးရွာပေါင်း ၁၀၀၀ ကို ကျပ်ငွေ ဘီလီယံ ၃၀ ထောက်ပံ့သွားမည်
Donate to DVB

ကမ္ဘာ့ဘဏ်ဟာ ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်နေတဲ့ ကျေးရွာပေါင်း ၁၀၀၀ ကို ကျပ်ငွေ ဘီလီယံ ၃၀ ကူညီထောက်ပံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အကူအညီ အစီအစဉ်နဲ့ အသေးစိတ် အချက်အလက်မှာ ဖော်ပြထားပါတယ်။

World Bankကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ မြန်မာနိုင်ငံကို လာရောက်ပြီးနောက် ထုတ်ပြန်တဲ့ အသေးစိတ် ဖော်ပြချက်တွေမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနကနေ တဆင့် ရွေးချယ်ထားတဲ့ ကျေးရွာ ပေါင်း ၁ ထောင်ကို ၁ ရွာ ကျပ် သန်း ၃၀ နှုန်း ဖွံ့ဖြိုးရေး အကူအညီပေးမယ်လို့ ဖော်ပြထားကြောင်း မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန တာဝန်ရှိသူတယောက်ကလည်း အတည်ပြု ပြောဆိုပါတယ်။

အဲဒီစီမံကိန်း အောင်မြင်ရင် နောက်ထပ် ကျေးရွာတွေကို ထပ် အကူအညီ ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျေးရွာ စုစုပေါင်း ၆ သောင်းကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013