DVB Logo
Home
Lead Story
အစိုးရ ကတိမတည်ကြောင်း လွှတ်တော်အမတ်များ ဝေဖန်
DVB
·
January 31, 2014
အစိုးရ ကတိမတည်ကြောင်း လွှတ်တော်အမတ်များ ဝေဖန်
Donate to DVB

အစိုးရအဖွဲ့ဟာ စီမံကိန်းမှာ ပြောဆိုထားတာတွေကို ကတိမတည်ဘူးလို့ ဇန်န၀ါရီ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမတ်တွေက ပြောဆိုလိုက်ပါတယ်။

အစိုးရအဖွဲ့က တင်ပြလာတဲ့ ၂၀၁၄ - ၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ မူနဲ့ အခြေခံသဘော ဆွေးနွေးရာမှာ သူတို့က ခုလို ပြောဆိုလိုက်တာပါ။

parlimentကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အမတ် ဦးသူရိန်ဇော်က အရင် ၂၀၁၁ - ၁၅ ဘဏ္ဍာရေးနှစ် စီမံကိန်းမှာ ကရင်ပြည်နယ်ကို ဓာတ်အားလိုင်းတွေ သွယ်တန်းပေးမယ်လို့ ဆိုပေမယ့် အခုထိ အဲဒါမျိုး ဆောင်ရွက် မပေးသေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမတ် ဒေါ်ခင်စောဝေကလည်း ၂၀၁၂ - ၁၃ ဘဏ္ဍာရေး နှစ်တုန်းက သူမဲဆန္ဒနယ်မြေထဲမှာ ကျောင်း ၄၀ ကျော် ပြင်ပေးမယ် ကတိခံ ထားပေမယ့် အခု ၁၄ ကျောင်းတောင် ပြင်မပြီးသေးဘူးလို့ ထောက်ပြပါတယ်။

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်က အမတ် ဒေါ်မိမြင့်သန်းကလည်း ပညာရေးမှာ မူလတန်းကို အခမဲ့ဆိုပြီး ထည့်ထားပေမယ့် တကယ်လက်တွေ့ ဖြစ်မလာဘူးလို့ ထောက်ပြခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013