DVB Logo
Home
မြန်မာသတင်း
ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် အမျိုးသားစီမံကိန်းဥပဒေမူကြမ်း ဆွေးနွေး
DVB
·
January 30, 2014
ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် အမျိုးသားစီမံကိန်းဥပဒေမူကြမ်း ဆွေးနွေး
1 / 2
Donate to DVB

ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ကို မဖြစ်မနေ တိုးမြှင့်သုံးစွဲဖို့ လိုအပ်တယ်လို ဖော်ပြ ထားတဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နဲ့ သဘောထား အစီရင်ခံစာကို ဇန်န၀ါရီ ၃၀ ရက် မှာ ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

အစီရင်ခံစာမှာ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ကိုမဖြစ်မနေ တိုးမြှင့်သုံးစွဲဖို့ လိုအပ်သလို ဘဏ္ဍာငွေခွဲဝေမှုများတဲ့ ၀န်ကြီးဌာနတွေထံက မျှဝေကျခံသွားဖို့ အဆိုပြုထားပါတယ်။

Parliment 29012014ရှေ့လာမယ့်ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ သဘောထားကို ကော်မတီ ဥက္ကဋ္ဌက အစီရင်ခံတင်ပြခဲ့တာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသာက ပြောပါတယ်။

အစိုးရက ကျန်းမာရေးဘတ်ဂျက်ကို ၂၀၁၂ ခုနှစ်က ကျပ်သန်းပေါင်း ၃၅၀၊ မနှစ်က ကျပ်သန်းပေါင်း ၄၉၀ သုံးစွဲခဲ့ပြီး ဒီနှစ်မှာ အစိုးရက ကျပ်သန်းပေါင်း ၆၅၀ ထိ တိုးမြှင့်တောင်းခံထားပါတယ်။

ပညာရေး အသုံးစရိတ်ကို ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က စုစုပေါင်းအသုံးစရိတ်မှာ ပါဝင်မှုအချိုး ၅ ဒဿမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ရာက အခုနှစ်မှာ ၅ ဒဿမ ၉၄ ရာခိုင်နှုန်း သို့ တိုးမြှင့်သုံးစွဲသွားမှာဖြစ်ပြီး အခြေခံပညာ အလယ်တန်းတွေလည်း လာမည့် ပညာသင်နှစ်က စလို့ အခခဲ့ပညာရေး သင်ကြားခွင့်ပေးသွားဖို့ တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုကျန်းမာရေးဝန်ကြီး ဦးစိုးသာက မြန်မာပြည်သား တဦးချင်းဟာ တနှစ်ကျန်းမာရေးအသုံးစရိတ်ဟာ ၁၄ ဒေါ်လာ ကျသင့်နေတာကို လွန်ခဲ့တဲ့နှစ်ပိုင်းတွေက နှစ်ဒေါ်လာခန့်သာသုံးစွဲရာနေ မနှစ်က ရှစ်ဒေါ်လာထိ တိုးမြှင့်သုံးစွဲနိုင်ခဲ့ကြောင်းပြောဆိုခဲ့ပြီး အခုတောင်းတဲ့ ဘတ်ဂျက်ကျမယ်ဆိုရင်တော့ ၁၁ ဒေါ်လာထိ တိုးသုံးနိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီဥပဒေကြမ်းဟာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်းမှာ အစိုးရကအကောင်အထည်ဖော်မယ့် စီမံကိန်းတွေနဲ့ ဘဏ္ဍာငွေခွဲဝေမှုတွေ ပါဝင်မှာမို့ အရေးကြီးတဲ့ ဥပဒေတခုဖြစ်ပြီး လွှတ်တော် ကိုယ်ကိုယ်စားလှယ် ၃၀ က ပါဝင်ဆွေးနွေးသွားကြမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

လွှတ်တော်မှာ ပညာရေးဘတ်ဂျက်တိုးမြှင့်တောင်းခံသလို အမျိုးသားပညာရေး မူဝါဒတရပ် ပေါ်ပေါက်လာဖို့အတွက် အစိုးရ၊ လွှတ်တော်နဲ့ ပညာရေးဆိုင်ရာ တတ်သိနားလည်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ကြိုးပမ်းဆောင်ရွက်နေပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013