DVB Logo
Home
မြန်မာသတင်း
ဖေသိန်းရဲ့ နိုင်ငံရေးကာတွန်းပေါင်း ၁၀၀ ကျော် ခင်းကျင်းပြသမည်
DVB
·
January 30, 2014
ဖေသိန်းရဲ့ နိုင်ငံရေးကာတွန်းပေါင်း ၁၀၀ ကျော် ခင်းကျင်းပြသမည်
Donate to DVB

ကွယ်လွန်သူ ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့ နိုင်ငံရေးကာတွန်းပေါင်း ၁၀၀ ကျော် ခင်းကျင်းပြသမယ့် ကာတွန်းဖေသိန်းရဲ့ နှစ် ၉၀ ပြည့် အမှတ်တရပြပွဲကို ဖေဖော်ဝါရီ ၁ရက်ကနေ ၃ ရက်ထိ ရန်ကုန်မြို့မှာ ပြသမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ယောမင်းကြီးလမ်းက Gallery 65 ခန်းမမှာ ခင်းကျင်းပြသမှာ ဖြစ်ပြီး နိုင်ငံရေး ကာတွန်းဆရာကြီးရဲ့ နိုင်ငံရေး အတွေးအမြင်တွေကို ပြည်သူတွေ ခံစားကြည့်ရှုနိုင်ဖို့ ခင်းကျင်းပြသမှာ ဖြစ်တဲ့အကြောင်း သမီးဖြစ်တဲ့ ဒေါ်ဇွန်ပွင့်က ပြောပါတယ်။

Cartoon PeTheinပြပွဲမှာ အခန်းပေါင်း ၁၀ခန်း ခွဲပြီး ခင်းကျင်းပြသမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“အပိုင်းအခြားအနေနဲ့က စကတ်နဲ့ လက်ရေးမူက တပိုင်း၊ နောက် သက္ကရာဇ်များဆိုတာ တပိုင်း၊ နောက် ဖေသိန်းရဲ့ ဘ၀က တပိုင်း၊ နောက် ကြော်ငြာ၊ ခေါင်းစီးများ၊ ရုပ်ပြ၊ သရုပ်ဖော်ပုံ၊ ကာတွန်းများ အခန်းပေါင်း ၁၀ ခန်းနဲ့ ပြမှာပါရှင့်။”

ပြပွဲမှာ ခင်းကျင်းပြသမယ့် ဆရာကြီးရဲ့ လက်ရာကာတွန်းတွေကို ကာတွန်းဆရာတွေဖြစ်တဲ့ ရွှေမင်းသား၊ အော်ပီကျယ်စတဲ့ ကာတွန်းဆရာတွေက ရွေးချယ်ပေးကြတာဖြစ်ပါတယ်။

ဆရာကြီးရေးဆွဲခဲ့တဲ့ ကာတွန်းတွေထဲက ခေတ်အဆက်ဆက် နိုင်ငံရေးကာတွန်းတွေကို ဦးစားပေးရွေးတယ်လို့ ကာတွန်းအော်ပီကျယ်က ပြောပါတယ်။

“သူက ခေတ်အဆက်ဆက် ကြေးမုံတို့၊ အိုးဝေတို့မှာလည်း ရေးခဲ့တော့ ခေတ်အဆက်ဆက် အကုန်ပါအောင် နည်းနည်းစီပေါ့။ မျိုးစုံ ရေးခဲ့တယ်။ မူရင်းကို ပိုဦးစားပေးတယ်။ နောက်တခုက သတင်းစာ ကာတွန်းရယ်၊ ကြော်ငြာကာတွန်းရယ်၊ အမျိုးစုံပေါ့။”

ပြပွဲမှာ ခင်းကျင်းပြသမယ့် ကာတွန်းပုံတွေကို ရောင်းချသွားမှာဖြစ်ပြီး ရရှိတဲ့ ငွေကြေးနဲ့ ကာတွန်းဆရာတွေ ကျန်းမာရေးစောင့်ရှောက်ဖို့ ကာတွန်းဖေသိန်းဖောင်ဒေးရှင်း ထူထောင်သွား မှာလည်း ဖြစ်ပါတယ်။

ကာတွန်းဆရာကြီး ဖေသိန်းကို ၁၉၂၄ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၄၆ မှာ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်မှာ ကာတွန်းတွေကို စတင်ရေးဆွဲခဲ့ပါတယ်။ ကာတွန်းဆရာကြီး ဖေသိန်းဟာ ကာတွန်းဇာတ်လမ်းအတွဲတွေ၊ လူငယ်တွေအတွက် နိုင်ငံတကာ ပုံပြင် ဇာတ်လမ်းတွေကိုလည်း သရုပ်ဖော်ရေးဆွဲ ခဲ့ပါတယ်။ ဆရာကြီးဟာ ၂၀၀၉ ခုနှစ် အသက် ၈၆ နှစ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013