အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီး စတုတ္ထ ၁ လတာအတွင်း အာဏာသိမ်း စစ်ကောင်စီဘက်က ၂၃၇၇ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀၅ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိ ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲ နေကြ တာဖြစ်ပြီး ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ မြေပြင်အခြေအနေမှာ ပိုပြီးတော့ များနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မှ စတင်ပြီး နိုင်ငံတော်အား အရေးပေါ် အ ခြေအနေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေ သက်ရောက်တဲ့ နယ်မြေဟာ ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့ အချိန်အထိ သတ်မှတ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
လတ်တလောမှာတော့ မြန်မာပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒ ရယ်ဒီမိုကရက်တစ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့ ပြည်သူ့တော်လှန်ရေးကို နေရာဒေသအနှံ့ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ကြိုး ပမ်းဆောင်ရွက်နေပြီး အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူဘက်ကို ရဲ ရဲဝံ့ဝံ့ ရပ်တည်လာကြတဲ့ စစ်သား CDM နဲ့ ရဲ CDM တွေဟာလည်း နေ့စဉ်များပြားလာနေတယ်လို့ ဆိုပါတယ်။